Facets (new session)
Description
Metadata
Settings
owl:sameAs
Inference Rule:
asEquivalent
b3s
b3sifp
facets
http://www.w3.org/2002/07/owl#
ldp
oplweb
skos-trans
virtrdf-label
virtrdf-url
None
About:
http://data.cimple.eu/claim-review/0ecb27b751ab1d54c8fa89e88b4df4e36061d3a4679ca7e767461e8e
Goto
Sponge
NotDistinct
Permalink
An Entity of Type :
schema:ClaimReview
, within Data Space :
data.cimple.eu
associated with source
document(s)
Type:
schema:ClaimReview
New Facet based on Instances of this Class
Attributes
Values
rdf:type
schema:ClaimReview
http://data.cimple...lizedReviewRating
not credible
schema:url
http://myanmar.factcrescendo.com/top-stories/act-check-mis-captioned-video-aircraft-carrying-sac-secretary-general-family-shot-down-in-nayyidaw-619102/
schema:text
Fact Check: စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး မိသားစုလိုက်ပါလာတဲ့လေယာဉ် ပစ်ချခံရတဲ့ သတင်းတု စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး မိသားစုလိုက်ပါလာတဲ့လေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ... စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး မိသားစုလိုက်ပါလာတဲ့လေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ Also read - Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု ပျံ့နှံ့မှုအားကောင်းနေတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော် ရှိထားတယ်။ “အထူးလေယာဉ်ပစ်ချခံရ အောင်လင်းဒွေမိသားစုလိုက်ပါလာသည့်အထူးလေယာဉ် နေပြည်တော်မှာယနေ့နေလည်အချိန်ပစ်ချခံလိုက်ရ” မူရင်းလင်ခ့် – Youtube link | Archive link သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖော်ပြထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ စစ်ကောင်စီအတွင်းရေးမှူး မိသားစုလိုက်ပါလာတဲ့လေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်လို့ သတင်းခေါင်းစဉ်တင်ထားတဲ့ အခုဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတဲ့အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများတွင် လေယာဉ်သံကြားသည်နှင့် ကြောက်ရွံ့တုန်လှုပ် မနေရဲသည်အထိ တိုက်ခိုက်မှုများ လုပ်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် အမိန့်ပေးထားဟုဆို”ဆိုတဲ့ သတင်းကိုဖော်ပြထားတယ်။ မူရင်းလင်ခ့် – Yangon Khit Thit News Agency | Archive link ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဆောထိနှင့် ဒွယ်လိုး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်ခတ်သတ်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရ”၊ “စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၃ ရဲလေ့ကျင့်ရေးကျောင်းနှင့် ၆၀၀၅ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ”၊ “နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ လက်ဝေခံ အဖြစ်မခံရေးနှင့် နိုင်ငံခြားရေးကစားကွင်း၌ နယ်ရုပ်မဖြစ်စေရေး အထူးအလေး အနက်ထားကြရန် NUG ယာယီသမ္မတ သတိပေး ပြောဆို”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ Also read - Fact Check: မြေတကွက်ကားတစီးထက်ပိုမိုပိုင်ဆိုင်သူများကို စစ်ကောင်စီ အရေးယူမယ်ဆိုတဲ့ထုတ်ပြန်ချက်အတု သုံးသပ်ချက် “မန္တလေးခေတ်သစ်” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ ချန်နယ်ဖြစ်တယ်။ စစ်ကောင်စီ အတွင်းရေးမှူး မိသားစု လိုက်ပါလာတဲ့လေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်လို့ အထောက်အထားမရှိချိန်မှာ ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေကို လေယာဉ်က ဗုံးကြဲဖျက်ဆီးပြီး ကြောက်ရွံ့ တုန်လှုပ်အောင်လုပ်ဆောင်ဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ပြီး ကြည့်ရှု့မှုများ ပြားစေရန် လှည့်စားထားခြင်းဖြစ်တယ်။
schema:reviewRating
FALSE
schema:author
factcrescendo
schema:datePublished
2024-09-27
(
xsd:date
)
schema:inLanguage
English
schema:itemReviewed
http://data.cimple.eu/claim/657c0f9647dad657d38b277e1d7b8be9b4c5559f4fa848aa846f8a9d
Faceted Search & Find service v1.16.115 as of Oct 09 2023
Alternative Linked Data Documents:
ODE
Content Formats:
RDF
ODATA
Microdata
About
OpenLink Virtuoso
version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 2 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software