Facets (new session)
Description
Metadata
Settings
owl:sameAs
Inference Rule:
asEquivalent
b3s
b3sifp
facets
http://www.w3.org/2002/07/owl#
ldp
oplweb
skos-trans
virtrdf-label
virtrdf-url
None
About:
http://data.cimple.eu/claim-review/553f11346d99aad201c3716405b65376c0c77f19ab85ef21153e384b
Goto
Sponge
NotDistinct
Permalink
An Entity of Type :
schema:ClaimReview
, within Data Space :
data.cimple.eu
associated with source
document(s)
Type:
schema:ClaimReview
New Facet based on Instances of this Class
Attributes
Values
rdf:type
schema:ClaimReview
http://data.cimple...lizedReviewRating
mostly credible
schema:url
http://myanmar.factcrescendo.com/archives/fact-check-misleading-claim-nug-capture-mandalay-618667/
schema:text
Fact Check: NUG က မန္တလေးကို သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု မန္တလေးမြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်း နေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့နိုင်တယ်။ Also Read - Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု “မန္တလေးမြို့ကို NUG သမ္မတ ဝင်ရောက် စစ်ကောင်စီတပ်တွေ အကုန်ထွက်ပြေး စစ်ဗိုလ်ချုပ်တွေ အိမ် ချိတ်ပိတ် ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်ဦးစီး ပြီး တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | Archive link သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တု တွေတပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ အတွေး အမြင်ဆောင်းပါး တွေကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ Also Read - Fact Check: လက်အောက်ခံတပ်တွေ လက်နက်ချဖို့ စစ်ခေါင်းဆောင် ကြေညာပြီး NUG ကို အာဏာလွှဲပြောင်းဖို့စီစဉ်တဲ့ သတင်းတု အခုလည်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မန္တလေးမြို့ကို မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင် ပြင်ဆင်နေပြီး ပြင်ဦးလွင်အတွက်ပါ ပြင်ဆင်နေဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောဆို”တဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ Also Read - Fact Check: တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာဆိုတဲ့ သတင်းတု ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ မဇ္ဈိမသတင်းဌာန ကဖော်ပြခဲ့တဲ့ “ကလေးမြို့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုတင်းကျပ်ပြီး အဓမ္မငွေတောင်း”၊ Burma VJ သတင်းဌာနကဖော်ပြခဲ့တဲ့ “အေအေကို တန်ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းခဲ့”စတဲ့သတင်းတွေပါဝင်တယ်။ Also Read - Fact Check: မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ AAနဲ့ RSO တို့ဆွေးနွေးပွဲမှတ်တမ်း ဆိုတဲ့ သတင်းတု သုံးသပ်ချက် “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံသတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင် ပြင်ဆင်နေတယ်လို့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ချဲ့ကားပြီး သတင်းခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။ Title:Fact Check: NUG က မန္တလေးကို သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု Fact Check By: နေရာမောင် Result: False
schema:mentions
dbpedia:National_Unity_Government_of_Myanmar
dbpedia:Burma_VJ
dbpedia:Regional_Security_Officer
schema:reviewRating
-
schema:author
factcrescendo
schema:datePublished
2024-09-10
(
xsd:date
)
schema:inLanguage
English
schema:itemReviewed
http://data.cimple.eu/claim/dec3ce15e749e1f558b3495a1436d71d4e71491002df938c96041f59
Faceted Search & Find service v1.16.115 as of Oct 09 2023
Alternative Linked Data Documents:
ODE
Content Formats:
RDF
ODATA
Microdata
About
OpenLink Virtuoso
version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 2 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software