About: http://data.cimple.eu/claim-review/586bb66a31c6ad15c5bce501f1700c0c2826297603cda5891fe7951f     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားဆိုတဲ့ သတင်းတု အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု.... အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “အကျဉ်းသား ၂ သိန်းလွတ်ပြီ အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ ရန်ကုန်မြို့တစ်ဝက်နီးပါး သိမ်းခံလိုက်ရပြီ” မူရင်းလင်ခ့် – Yotube link | Archive link အလားတူစွာပဲ ဒီချန်နယ်က အင်းစိန်မြို့ကို PDF ဝင်စီးပြီး ရန်ကုန်တမြို့လုံးတိုက်ပွဲပြင်ထန်းနေတယ်လို့ ဇူလိုင် ၂၂ ရက်မှာ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ထိုင်းဘာသာစကားနဲ့“สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ စလော့ဂိမ်းကြော်ငြာတွေနဲ့ သတင်း ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်ဟာ သတင်းခေါင်းစဉ် တုတပ်ဗွီဒီယိုတွေ ဖြန့်ချိခဲ့တဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကနေ အမည်ပြောင်းလဲထား ခြင်းလည်းဖြစ်ပါတယ်။ Also read - Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းတု အခုလည်း အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ အကျဉ်းသား ၂ သိန်းလွတ်မြောက်သွားတယ်ဆိုတဲ့ ဗွီဒီယိုထဲမှာ ပါတဲ့အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “တိုင်းပြည်အုပ်ချုပ်သူ ညံ့ဖျင်းချိန်၊ မင်းဆိုးမင်းယုတ်အုပ်စိုးချိန် ကာလဝိပတ္တိအချိန်တွင် စစ်ဖြစ်ပြီး ဝင်းနိမ္မိတာရုံဆရာတော်လည်း ပျံလွန်တော်မူခဲ့ရဟု ပဲခူးဆယ်မိုင်ကုန်းဆရာတော် မိန့်ကြား”ဆိုတဲ့ သတင်း၊ “ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီ ကယ်ဆယ်ရေးစခန်းမှ ပြည်သူ ၇ ဦးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသတ်ဖြတ်”ဆိုတဲ့ သတင်းနဲ့ “ထိုးစစ်ရပ်နားမှာမဟုတ်ဘူးလို့ TNLA က ဗိုလ်ချုပ်တားဘုန်းကျော်ပြော”ဆိုတဲ့ သတင်းတွေကို ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။ Also read - Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား သုံးသပ်ချက် အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်ဆိုတာ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ထိုင်းဘာသာစကားနဲ့ “สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်း ခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိခဲ့တဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကနေ အမည်ပြောင်းလဲ ထားခြင်းလည်းဖြစ်ပြီး စလော့ဂိမ်းတွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဆက်လက်ဖြန့်ချိပါတယ်။ Title:Fact Check: အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားဆိုတဲ့ သတင်းတု Fact Check By: နေရာမောင် Result: False
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.115 as of Oct 09 2023


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data] Valid XHTML + RDFa
OpenLink Virtuoso version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 2 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software