About: http://data.cimple.eu/claim-review/346aa6288a5911ce903c067b4ac15d172d219c613d9775740ab029f4     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းသေဆုံးမှု သတင်းတု ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေသာဖြစ်တယ်။ ဒု-စစ်ခေါင်းဆောင်ဟာ မုံရွာ စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပေမဲ့ ထိခိုက်မှုရှိမရှိ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒုတပ်ချုပ် စိုးဝင်း အသတ်ခံရတာ MRTV ကိုယ်တိုင် အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေမှာ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းလိုက်ပါလာတဲ့ စစ်ယာဉ် မိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးတယ်၊ PDF တွေ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးတယ်စသဖြင့်ဖော်ပြပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်ရှိလာတဲ့ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်မှု တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းဌာနကတွေကဖော်ပြပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။ ဒီလို တိုက်ခိုက်စဉ်မှာ ဒု-စစ်ခေါင်းဆောင် ဒဏ်ရာရရှိတယ်၊ သေဆုံးတယ်ဆိုတဲ့ ဖော်ပြချက် တစုံတရာမတွေ့ရပါဘူး။ နောက်ဆက်တွဲ သတင်းဖော်ပြချက်လည်းမရှိပါဘူး။ အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေထဲမှာ ဖော်ပြထားတဲ့ သတင်းအကြောင်းအရာဟာ ဒီလို ဒု-စစ်ခေါင်းဆောင် နမခကို ရောက်ရှိစဉ် ကာမီကာဇေ ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ “Local Celegram”ယူကျူ့ချန်နယ်ကတော့ ဒီလို တိုက်ခိုက်မှုသတင်းကို ပြန်လည်ဖော်ပြရာမှာ စစ်တပ် ထိန်းချုပ်ထားတဲ့ MRTV က အတည်ပြုဖော်ပြခဲ့တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်းဖော်ပြခဲ့တဲ့ အထောက်အထားမရှိဘဲ ထပ်မံချဲ့ကားဖော်ပြထားခြင်းသာဖြစ်တယ်။ ဒီချန်နယ်ဟာ တခါတရံမှာ သတင်းခေါင်းစဉ်အပြင် လုပ်ကြံ သတင်းအကြောင်းအရာတွေကို ဖော်ပြလေ့ရှိပါတယ်။ Also read - Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရဆိုတဲ့ သတင်းတု သုံးသပ်ချက် ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မုံရွာ စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပေမဲ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတာဖြစ်စေ၊ သေဆုံးသွားတယ် အထောက်အထားမရှိပါဘူး။ ဒီလို ဒု-စစ်ခေါင်းဆောင်သေဆုံးကြောင်း ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတွေကို ပြန်လည်ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာတွေ့ရပါတယ်။
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.123 as of May 22 2025


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data]
OpenLink Virtuoso version 07.20.3241 as of May 22 2025, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 10 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2026 OpenLink Software