About: http://data.cimple.eu/claim-review/458e592fd70abaedf2c7e1a64343d9b3c7d28ed92c9264320738b90c     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: ပဟေဠိဖြေနိုင်သူတွေကို Oppo ကုမ္ပဏီက နောက်ဆုံးထွက် ဖုန်းတွေ ပေးမယ်ဆိုတဲ့ သတင်းမှား လိမ်လည်လှည့်စား ပြောဆိုချက်တွေသာဖြစ်တယ်။ ဒီလိုကြော်ငြာချက်ကို စမတ်ဖုန်း ထုတ်လုပ်ရောင်းချတဲ့ Oppo က ကြော်ငြာထားတဲ့ အထောက်အထား မရှိပါ။ ပဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှားသာဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “Oppo ဖုန်းနောက်ဆုံးထွက်ဗားရှင်းကို ရယူရန် (98) မှလွဲ၍ အခြားနံပါတ်များကို ရှာဖွေပါ။ မှတ်ချက်- ယခုဖြေဆိုရန် ကိုယ်စားလှယ်လောင်း ၁၇၀ သာ ကျန်ရှိတော့သည်” မူရင်းလင်ခ့် – Fb link | Archive link စမတ်ဖုန်း ထုတ်လုပ်ဖြန့်ချိနေတဲ့ Oppo ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလို ကြော်ငြာထားတာမရှိပါဘူး။ အခုလ ပဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို လေ့လာကြည့်ရာမှာ Oppo အမှတ်တံဆိပ်ကို အသုံးပြုပြီး ထင်ယောင်ထင်မှား ဆောင်ရွက်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တာတွေ့ရပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ စတင်ဖွင့်လှစ်ခဲ့ တာတွေ့ရပါတယ်။ ဒီစာမျက်နှာတွေဟာ စမတ်ဖုန်း ထုတ်လုပ်ရောင်းချတဲ့ Oppo ကုမ္ပဏီနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ ဒီလိုပဲ လူမှုကွန်ယက်မှာ ပဟေဠိဖြေဆိုနိုင်တဲ့သူတွေကို Iphone တွေ ပေးနေပြီ၊ ဆမ်ဆောင်းဖုန်းတွေပေးနေပြီ၊ တိုယိုတာကားတွေပေးနေပြီ ဆိုပြီးတော့လည်း ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး အတုအယောင်ပြောဆိုချက် တွေဖြစ်ကြောင်း Fact Crescecndo Myanmar က အချက်အလက်စိစစ်ခဲ့ပါသေးတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ သုံးသပ်ချက် ပဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်ဆိုတာ လိမ်လည်လှည့်စား ပြောဆိုချက်တွေသာဖြစ်တယ်။ ဒီလိုကြော်ငြာချက်ကို စမတ်ဖုန်း ထုတ်လုပ်ရောင်းချတဲ့ Oppo က ကြော်ငြာ ထားတဲ့ အထောက်အထားလည်း မရှိပါဘူး။
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.123 as of May 22 2025


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data]
OpenLink Virtuoso version 07.20.3241 as of May 22 2025, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 8 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2026 OpenLink Software