About: http://data.cimple.eu/claim-review/4d96c78d9ffcfbfc9bcb6c2d246544694aea7e0058e13b98a6330fba     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်/ကျဉ်းတွေကို လွှတ်ပေးဆိုတဲ့ သတင်းတု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်သေဆုံး ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၃၀၀ ကျော်ကို စစ်ခေါင်းဆောင်က လွှတ်ပေး လိုက်တယ်လို့... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်သေဆုံး ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၃၀၀ ကျော်ကို စစ်ခေါင်းဆောင်က လွှတ်ပေး လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တွေမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဒီလို ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကိုကြည့်ပါ။ အလားတူတဲ့ပြောဆိုမှုတွေပါဝင်တဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ “သူ့ကြောင့် Dr.ဇော်မြင့်မောင် သေခဲ့ရလို့ ပြည်သူတွေ စိတ်နှလုံးအေးချမ်းဖို့ အမေစုနဲ့အတူ နိုင်ကျဉ်း (၇၃၀၀)ဦးလွတ်ငြိမ်းခွင့်ပေးပြီဟု မအလကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေကို စစ်ခေါင်းဆောင်က လွတ်ငြိမ်းခွင့်ပေးတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုထဲမှာလည်း တကယ်တမ်း ဖော်ပြထားတာက ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၉ မိုင်နီးပါးသာ ကွာဝေးသည့် မဲတောင်ဗျူဟာစခန်းနှင့် အနီးရှိ စစ်စခန်းအားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်၊ ရခိုင်ရှိ စစ်တပ်စခန်းများအားလုံး သိမ်းယူရေး ဆက်လက် ထိုးစစ်ဆင်”ဆိုတဲ့ သတင်းကို ဖော်ပြထားခြင်းဖြစ်တယ်။ သုံးသပ်ချက် “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲ တပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတဲ့နေရာဖြစ်တယ်။ ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.123 as of May 22 2025


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data]
OpenLink Virtuoso version 07.20.3241 as of May 22 2025, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 8 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2026 OpenLink Software