Facets (new session)
Description
Metadata
Settings
owl:sameAs
Inference Rule:
asEquivalent
b3s
b3sifp
facets
http://www.w3.org/2002/07/owl#
ldp
oplweb
skos-trans
virtrdf-label
virtrdf-url
None
About:
http://data.cimple.eu/claim-review/8d6175b41246ce069590857832f971ccdc8e6d0b18dc75f89b7e0713
Goto
Sponge
NotDistinct
Permalink
An Entity of Type :
schema:ClaimReview
, within Data Space :
data.cimple.eu
associated with source
document(s)
Type:
schema:ClaimReview
New Facet based on Instances of this Class
Attributes
Values
rdf:type
schema:ClaimReview
http://data.cimple...lizedReviewRating
mostly credible
schema:url
http://myanmar.factcrescendo.com/top-stories/fact-check-video-scenes-of-typhoon-yagi-ripple-through-china-is-false-618852/
schema:text
Fact Check: တရုတ်နိုင်ငံကို ရဂီ မုန်တိုင်း ဝင်ရောက်မှု ဗွီဒီယိုလား- မဟုတ်ပါ တရုတ်နိုင်ငံကို တိုင်ဖွန်းမုန်းတိုင်း ရဂီ(Yagi)ဝင်ရောက်တိုက်ခိုက်မှုလို့ဆိုထားတဲ့ ၂ မိနစ် ၅၃ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတွေထဲမှာ အဆောက်အဦးတွေကို လေဆင်နှာမောင်းဝှေ့ရမ်းဖျက်ဆီးသွားပုံ၊ အဆောက်အဦးခေါင်မိုးလန်သွားပုံတွေနဲ့ လေပြင်းတိုက်ခိုက်မှု မြင်ကွင်းတွေပါဝင်ပါတယ်။ တကယ်တော့ မှားယွင်းပြောမှုတွေဖြစ်နေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “6.9.2024 မနေ့က တရုတ်နိုင်ငံ ကို ဝင်ရောက်နေတဲ့ Yagi မုန်တိုင်း အခြေအနေ" မူရင်းလင်ခ့် – Fb link | Archive link တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအပါအဝင် အရှေ့တောင်အာရှက ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရဂီ(Yagi)ဟာ စက်တင်ဘာ ၂ ရက်မှာ ဖိလစ်ပိုင်ကိုဝင်ရောက်ခဲ့ပြီး စက်တင်ဘာ ၆ ရက်မှာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းနဲ့ ဂွမ်ဒေါင်းပြည်နယ်တို့ကို ဝင်ရောက်တိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်မှာတော့ ဗီယက်နမ်ကို ဝင်ရောက်ခဲ့ပါတယ်။ အာရှတိုက်တလွှာ ဒီနှစ် တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးမုန်တိုင်းတခုဖြစ်ခဲ့ပြီး လေပြင်းတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် လူသန်းပေါင်းများစွာကို ထိခိုက်ခဲ့ပြီး အနည်းဆုံး လူဦးရေ ရာဂဏန်းထက်မနည်းသေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗွီဒီယိုထဲပါမြင်ကွင်းတွေဟာ တိုင်ဖွန်းမုန်တိုင်း “ရဂီ”နဲ့ သက်ဆိုင်ခြင်းရှိမရှိ၊ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ ဗွီဒီယိုကို ရုပ်သေဓာတ်ပုံအဖြစ်ထုတ်နုတ်ပြီး Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီမြင်ကွင်းတွေဟာ ၂၀၁၄ ခုနှစ် မတိုင်ခင်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ ဗမာဘာသာစကားနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ၂ မိနစ် ၅၃ စက္ကန့်အကြာ ဗွီဒီယိုကို ၂၀၂၃ ခုနှစ် အောက်တိုဘာကတည်းက အွန်လိုင်းမှာတွေ့နိုင်ပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။ နောက်တချက်ကတော့ ဒီဗွီဒီယိုရဲ့ အဆုံးသတ်မှာပါတဲ့ လေဆင်နှာမောင်းတိုက်ခိုက်မှု ဗွီဒီယိုဟာ အမေရိကန်နိုင်ငံ ကန်းဆပ်ပြည်နယ်(Kansas)မှာ ၂၀၂၂ ခုနှစ် မေလက ဖြစ်ပွားခဲ့တဲ့ လေဆင်နှာမောင်းတိုက်ခိုက်မှုဖြစ်စဉ်က ဖြစ်တာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် မေ ၃ ရက်စွဲနဲ့ ယူကျူ့မှာဖော်ပြခဲ့တဲ့ အမေရိကန်အခြေစိုက် ABC သတင်းဌာနရဲ့ သတင်းဖော်ပြ ချက်ကို အောက်မှာကြည့်ပါ။ “Kansas ရဲ့ အစိတ်အပိုင်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေဆင်နှာမောင်းကြောင့် ရာနဲ့ချီတဲ့ နေအိမ်တွေနဲ့ အဆောက်အဦတွေ ပျက်စီးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့ပြီး လူပေါင်း ၁၅,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တယ်လို့ အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။” (မူလအင်္ဂလိပ်ဘာသာမှ ဘာသာပြန်ဆိုထား) သုံးသပ်ချက် တရုတ်နိုင်ငံကို တိုင်ဖွန်းမုန်းတိုင်း “ရဂီ”(Yagi)ဝင်ရောက်တိုက်ခိုက်မှုလို့ဆိုထားတဲ့ ဗွီဒီယိုတွေဟာ ၂၀၂၃ ခုနှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ ဒီအပြင် ဗွီဒီယိုဟာ နေရာဒေသတခုထဲက အဖြစ်အပျက်ကို စုစည်းဖော်ပြထားခြင်းမဟုတ်ဘဲ ကမ္ဘာ့ဒေသအသီးသီးက အဖြစ်အပျက်အသီးသီးကို ရိုက်ကူးထားခြင်းဖြစ်တာတွေ့ရပါတယ်။ လေဆင်နှာမောင်းတိုက်ခိုက်မှု ဗွီဒီယိုဟာ အမေရိကန်နိုင်ငံ ကန်းဆပ်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် မေလက အဖြစ်အပျက်တခုဖြစ်တာလည်းတွေ့ရပါတယ်။
schema:reviewRating
-
schema:author
factcrescendo
schema:datePublished
2024-09-15
(
xsd:date
)
schema:inLanguage
English
schema:itemReviewed
http://data.cimple.eu/claim/ac3012822a76ede6bf23b9a11dcd014bf810793e8ed9e16c760777e4
Faceted Search & Find service v1.16.115 as of Oct 09 2023
Alternative Linked Data Documents:
ODE
Content Formats:
RDF
ODATA
Microdata
About
OpenLink Virtuoso
version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 2 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software