About: http://data.cimple.eu/claim-review/8e3e453e9ef48fb297e150aeeb4721b7b6b1a02ce58c9511321020ad     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ပြောတဲ့ သတင်းတု စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုတွေ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်က ဆက်တိုက်ဖြန့်ဝေနေတာဟာ သတင်းတုတွေ သာဖြစ်တယ်။ ဒီယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “ယနေ့ အာဆီယံအစည်းအဝေးပွဲမှာ ထူးပြီဟေ့ အာဏာပြန်လွဲတော့မည်ဟု ကြေညာ ကမ္ဘာ့နိုင်ငံအားလုံး အံ့ဩထိတ်လန့်ကုန်ကြပြီ" မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့နိုင်တယ်။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲ ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံ မြန်မာပိုင်းကဖော်ပြခဲ့တဲ့ “ကုလအဖွဲ့အစည်းတွေ ဘက်မလိုက်ဖို့ စစ်ကောင်စီ ပြော”ဆိုတဲ့ သတင်းကို ဖော်ပြထားတယ်။ အခြားသော အလားတူတဲ့ ပြောဆိုထားတဲ့ အာဏာလွှဲဖို့ ကြေညာတယ်ဆိုတဲ့ ပြောဆိုချက်ဗွီဒီယိုတွေမှာတော့ ဧရာဝတီတိုင်းမ်းသတင်းဌာနကဖော်ပြခဲ့တဲ့ “သံတွဲတွင် စစ်ကောင်စီက လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် ဗုံးကြဲခဲ့ပြီးနောက် ၇ ရက်အတွင်း ထပ်မံဗုံးကြဲ”၊ “စစ်ခေါင်းဆောင်က ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါးကို ဆုတံဆိပ်များ ပေးအပ်ခြင်းသည် အသေခံ၍ ခိုင်းကောင်းအောင် ပေးခြင်းဖြစ်သည်ဟု CDM ရဲတပ်ဖွဲ့ဝင်များပြော”စတဲ့ သတင်းတွေ ဖော်ပြထားတယ်။ သုံးသပ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု သို့မဟုတ် လုပ်ကြံသတင်း ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ အခုလည်း သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ဘက်မလိုက်ဖို့ စစ်ကောင်စီပြောတဲ့ သတင်း၊ လေယာဉ်နဲ့ သံတွဲကို ဗုံးကြဲမှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးရမှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီ ဆုတံဆိပ်တွေ ချီးမြှင့်တဲ့ သတင်းတွေကို အာဏာလွှဲပြောင်းပေးဖို့ စစ်ကောင်စီက ကြေညာတယ်လို့ သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.123 as of May 22 2025


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data]
OpenLink Virtuoso version 07.20.3241 as of May 22 2025, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 10 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2026 OpenLink Software