About: http://data.cimple.eu/claim-review/9806665003d3526aa8a78eebd960eaacb261120cf7e0da99c3788223     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: အံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို အမေရိကန်သူဌေးကြီး အီလွန်မက်က ရောင်းချတော့မှာလား-မဟုတ်ပါ အီလွန်မက်ဟာ စမတ်ဖုန်းလောကထဲ ဝင်ရောက်ဖို့ စိတ်ကူးမရှိတာတွေ့ရပြီး Tesla က ဖုန်းထုတ်လုပ်နေတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး နည်းပညာလောကမှာ ထိပ်တန်းတီထွင်မှုတွေနဲ့ ချမ်းသာလာတဲ့ အမေရိကန်သူဌေးကြီး အီလွန် မက်(Elon Musk)ကအံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို ရောင်းချတော့မယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်မှာပဲ ကောင်းကင်ကို ပျံတက်သွားပြီးနောက် ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာတဲ့ အာကာယာဉ်တွန်း ဒုံးပျံကို အပျက်အစီးမရှိဘဲ မူလ ဒုံးလွှတ်စင်မှာပဲ ပြန်လည်ဖမ်းယူနိုင်တဲ့ တီတွင်စမ်းသပ်မှု အီမွန်မက်ပိုင် Space X က အောင်မြင်ခဲ့ပြီး အာကာသနည်းပညာလောကမှာ ကြီးမားတဲ့ အောင်မြင်မှုသမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အီလွန်မက်ဟာ ဖုန်းထုတ်လုပ်ဖို့မရှိကြောင်း ငြင်းချက်ထုတ်ထားတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သူဌေးကြီး အီလွန်မက်စ်ကတော့ ရှယ်တွေ လုပ်ပြပါဦးမယ်၊ အားသွင်းစရာမလို၊ အင်တာနက် မလိုတဲ့ ပိုင်ဖုန်း ထုတ်ပါဦးမယ်တဲ့၊ အင်တာနက် မရှိလို့၊ ဝိုင်ဖိုင်မရလို့ ဖုန်းမသုံးနိုင်လို့ စိတ်ပျက်နေသူများအတွက် သတင်းကောင်းပါ။ တယ်စလာ ကားတီထွင်ဖန်တီးသူ၊ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး စာရင်းဝင် အီလွန်မက်စ် က ၂၀၂၄ မကုန်ခင်မှာ Tesla Pi အမည်ရှိ ဖုန်းကို စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒီဖုန်းက ၁။ ဘက်တရီ အားသွင်းဖို့မလို။ ဆိုလာ စနစ်နဲ့ သူ့ဟာသူ အားသွင်းမှာဖြစ်ပြီး နေပူအောက်မှာ သွားထားစရာလည်းမလိုပါ။ (နေရောင်ရနေတဲ့နေရာဆို ရပြီဆိုတဲ့သဘောပေါ့။) ၂။ ဖုန်းသုံးဖို့ အင်တာနက်မလို။ ဒီဖုန်းက တကမ္ဘာလုံးကို လွှမ်းခြုံထားတဲ့ အီလွန်မက်စ် စတားလင့်ခ် နဲ့ ဆက်သွယ်ထားတာမို့ ဘယ်နေရာသွားသွား အင်တာနက်မလို၊ ဝိုင်ဖိုင်မလိုပါ။ (တောကြီးမျက်မဲထဲလည်း သုံးလို့ရတဲ့သဘောပေါ့။) ၃။ ကမ္ဘာ၊ လ နဲ့ အင်္ဂါဂြိုလကိုလည်း ဆက်သွယ်လို့ရပါတယ်တဲ့။ ဒီ ပိုင်ဖုန်းရဲ့စျေးကတော့ ဒေါ်လာ ၂၅၀ လို့ ခန့်မှန်းရေးထားတာ တွေ့တယ်။ ပန်းသီးဖုန်း အိုင်ဖုန်း ၁၆ ပရိုမက်စ်နဲ့စာရင် စျေးက အတော်ချိုပါတယ်။ ဒီဖုန်းထွက်လာရင်ရော ဘယ်သူတွေ အလုအယက်ဝယ်ကြအုန်းမှာလဲ၊ စောင့်ကြည့်ရအုန်းမှာပေါ့လေ။” မူရင်းလင်ခ့် – Fb link | Archive link စမတ်ဖုန်းနည်းပညာတွေနဲ့ ဖုန်းကုမ္ပဏီတွေရဲ့ တီထွင်မှုသတင်းတွေကို အထူးပြုဖော်ပြလေ့ရှိတဲ့ The Verge၊ TechCrunch ၊ GSMarena နဲ့ CNET တို့လို ယုံကြည်ရလောက်သော သတင်းအရင်းအမြစ်တွေမှာ တက်စလာ(Tesla) က စမတ်ဖုန်းထုတ်လုပ်မှုအကြောင်း ဖော်ပြတာမျိုးမတွေ့ရပါဘူး။ တခြား ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေကဖြစ်စေ အီလွန်မက်ပိုင်တဲ့ Telsa ကဖြစ်စေ စမတ်ဖုန်းထုတ်လုပ်မယ့်အကြောင်း တစုံတရာထုတ်ပြန်ချက်မရှိသလို မိတ်ဆက်ပြောကြားတာမျိုးလည်း မရှိပါဘူး။ ဆိုရှယ်မီဒီယာမှာ အထူးသဖြင့် X မှာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ တက်စလာကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မက်ကလည်း Tesla အမှတ်တံဆိပ်စမတ်ဖုန်းနဲ့ ပတ်သက်ပြီး ပြောဆိုချက်မရှိပါဘူး။ တက်စလာဟာ လျှပ်စစ်ကား၊ စွမ်းအင်ထုတ်ကုန်တွေ၊ စက်ရုပ်နည်းပညာနဲ့ အာကာသနည်းပညာတွေမှာ အဓိကလူသိများပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက "Tesla Pi” စမတ်ဖုန်း ကောလာဟလများ ထွက်ပေါ်နေပေမဲ့ အီလွန်မက်ကိုယ်တိုင် ၂ ကြိမ် ငြင်းဆိုခဲ့ဖူးပါတယ်။ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီအပြင် အောက်တိုဘာ ၁၈ ရက်က ဖီလယ်ဒယ်ဖီးယား(Philadelphia)လူထုနဲ့တွေ့ဆုံပွဲမှာလည်း အီလွန်မက်က သူ့အနေနဲ့ ဖုန်းလောကထဲ ဝင်ရောက်ဖို့ စိတ်ကူးမရှိဘဲ တကယ်လို့ အခြေအနေအကြောင်းကြောင်း ကြောင့် ဒီလောကကို ဝင်ရောက်ရမယ်ဆိုရင်တော့ ဝင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ အောက်ကတော့ သူရဲ့ ဖုန်းထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးမေးမြန်းမှုကို တုန့်ပြန်ချက်ဖြစ်တယ်။ “အီလွန်မက် - ကျွန်တော်တို့ ဖုန်းတစ်လုံးလုပ်ဖို့ စိတ်အားမထက်သန်ဘူး၊ ဒါပေမယ့် လုပ်ရမယ်ဆိုရင်တော့ လုပ်မှာပါ။ “ကိုယ့်လူ- ကျွန်တော်တို့ ဖုန်းမထုတ်လုပ်ရဖို့ မျှော်လင့်တယ်။ အဲဒါက အလုပ်အများကြီးပဲ။ ဖုန်းတစ်လုံးထုတ်ဖို့ စိတ်ကူးရင် ကျွန်တော်သေချင်နေပြီ။ ဒါပေမယ့် ဖုန်းတစ်လုံးလုပ်ရမယ်ဆိုရင် လုပ်မယ်။ ဖြစ်နိုင်ရင် ဖုန်းတော့ မလုပ်ချင်ဘူး။ Apple နဲ့ Google ၊ Android နဲ့ တခုခုပေါ့။ ခင်ဗျားတို့ သိပါတယ်။ ကုမ္ပဏီတွေက app store မှာ ကြီးကြီးမားမားခက်ခဲအောင် မလုပ်ဘူးလို့ ကျွန်တော်ထင်တယ်။ မဟုတ်ရင် ပြိုင်ဖက်ဖြစ်ဖို့အတွက် တွန်းအားပေးတဲ့လုပ်ဆောင်ချက်ကို ဖန်တီးရာရောက်မယ်။ ဒါပေမယ့် ကိုယ်လူ့- ဖုန်းတစ်လုံးလုပ်ဖို့ စိတ်ကူးကို ကျွန်တော် ကြောက်တယ်။ ဒါပေမယ့် လုပ်ဖို့လိုလာရင် ကျွန်တော်တို့ လုပ်မှာပါ၊ ဒါပေမယ့် မလိုအပ်ဖို့ မျှော်လင့်ပါတယ်။" Read also - Tesla ဟာ စမတ်ဖုန်းလောကကို ပြောင်းလဲစေမယ့် စနစ်တွေနဲ့ စမတ်ဖုန်းကို စတင်ရောင်းချမလား သုံးသပ်ချက် အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အီမွန်မက်ဟာ စမတ်ဖုန်းလောကထဲ ဝင်ရောက်ဖို့ စိတ်ကူးမရှိတာတွေ့ရပြီး Tesla က ဖုန်းထုတ်လုပ်နေတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အီလွန်မက်စ် က ၂၀၂၄ မကုန်ခင်မှာ Tesla Pi အမည်ရှိ ဖုန်းကို စတင်ရောင်းချသွားမယ်၊ လက်ရှိ စမတ်ဖုန်းဈေးကွက်ကို တော်လှန်ပြောင်းလဲစေမယ့် ခေတ်လွန်နည်းပညာတွေနဲ့ ဖုန်းစတင်ရောင်းချမယ်ဆိုတာ မဟုတ်မှန်တာ တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်အထိ အီလွန်မက်အနေနဲ့ ဖုန်းထုတ်လုပ်မယ်ဆိုတဲ့ လူတွေရဲ့ အယူအဆကို ငြင်းဆိုနေဆဲဖြစ် တာတွေ့ရပါတယ်။
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.123 as of May 22 2025


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data]
OpenLink Virtuoso version 07.20.3241 as of May 22 2025, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 10 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2026 OpenLink Software