Facets (new session)
Description
Metadata
Settings
owl:sameAs
Inference Rule:
asEquivalent
b3s
b3sifp
facets
http://www.w3.org/2002/07/owl#
ldp
oplweb
skos-trans
virtrdf-label
virtrdf-url
None
About:
http://data.cimple.eu/claim-review/a3cea4d89a5cbdec4dcf8238af85d35e3f989c149d849cc19a2cae1d
Goto
Sponge
NotDistinct
Permalink
An Entity of Type :
schema:ClaimReview
, within Data Space :
data.cimple.eu
associated with source
document(s)
Type:
schema:ClaimReview
New Facet based on Instances of this Class
Attributes
Values
rdf:type
schema:ClaimReview
http://data.cimple...lizedReviewRating
not credible
schema:url
http://myanmar.factcrescendo.com/trending/fact-check-misleading-claim-president-u-win-myint-sentence-to-death-in-taungoo-prison-619054/
schema:text
Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ... တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “တောင်ငူအကျည်းထောင်မှာ ပွဲဆူပြီ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်လို့တဲ့ ပြည်သူတွေအလောင်းပြန်တောင်းတာမရဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ Also Read - Fact Check: အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံရလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ဆိုတဲ့ သတင်းတု အခုလည်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ The Voice of Myanmar ကဖော်ပြခဲ့တဲ့ “အင်းစိန်ထောင်က သေဒဏ်ကျခံနေရသူ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်”တဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ၂၀၂၁ ခုနှစ်အတွင်းက ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်လို့ သတင်းတွေက ဆိုပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းအပြီး သူတို့ကို လက်နက်ကိုင်တော်လှန်ပုန်ကန်ဖို့ကြိုးစားသူတွေကို ကြိုးပေးကွပ်မျက်မှု စစ်ကောင်စီက လျှို့ဝှက်လုပ်ဆောင်လေ့ရှိတာတွေ့ရပြီး အတည်ပြုထုတ်ပြန် တာမျိုး လုပ်လေ့မရှိတာတွေ့ရပါတယ်။ Also Read - Fact Check: မင်းကိုနိုင်ကို ဖမ်းမိပြီ၊ကြိုးပေးသတ်မယ်ဆိုတဲ့ သတင်းမှား သုံးသပ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံသတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ အထောက်အထားမရှိချိန်မှာ အင်းစိန်ထောင်မှာ သေဒဏ်ချမှတ်ထားခံရသူ ၅ ဦးကို ကြိုးပေးကွပ်မျက်မယ့်သတင်းထွက်ပေါ်နေတဲ့အကြောင်း သတင်းမီဒီယာတခုကဖော်ပြခဲ့တဲ့ သတင်းကို ကူးယူပြီး သတင်းခေါင်းစဉ်လွဲ တပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ Title: Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု Author Name: နေရာမောင် Result: Misleading
schema:reviewRating
FALSE
schema:author
factcrescendo
schema:datePublished
2024-09-25
(
xsd:date
)
schema:inLanguage
English
schema:itemReviewed
http://data.cimple.eu/claim/ebd5441790a965018e2248ba9f9226c76ebc193a5643beaaa0e47b4e
Faceted Search & Find service v1.16.115 as of Oct 09 2023
Alternative Linked Data Documents:
ODE
Content Formats:
RDF
ODATA
Microdata
About
OpenLink Virtuoso
version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 2 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software