About: http://data.cimple.eu/claim-review/eaec4d3108353369a719ab52919b77ef83815acbef39bb80e0f5c8ce     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • ဟွန်ဒါက ဖေ့စ်ဘွတ်စာမျက်နှာမှာ မှတ်ချက်ရေးတဲ့သူတိုင်းကို ဆိုင်ကယ်နဲ့ ငွေသားလက်ဆောင်တွေပေးနေတယ်ဆိုတဲ့ သတင်းမှား ဟွန်ဒါ(Honda)မြန်မာက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Congratulations လို့ မှတ်ချက်ရေးတဲ့သူတိုင်းကို ဆိုင်ကယ်နဲ့ ငွေသားလက်ဆောင်တွေပေးနေတယ်လို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်ပြီး ဟွန်ဒါနာမည်ကို အသုံးပြုပြီး လှည့်စားလိမ်လည်မှုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “September 2 🎉 မင်္ဂလာပါ 👋 အားလုံးပဲ @Honda myanmar ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် 2024 ခုနှစ် စက်တင်ဘာလ 5 ရက်နေ့ မတိုင်ခင် ကျွန်တော်တို့ရဲ့ page မှာ "Congratulations" လို့ပြောတဲ့သူတိုင်း Honda ဆိုင်ကယ် 250 နဲ့ ငွေသား သီးသန့်လက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။ ကံကောင်းပါစေ။ ❤️” မူရင်းလင်ခ့် – Fb link | Archive link ရန်ကုန်မှာရှိတဲ့ Honda ဝန်ဆောင်မှုစင်တာကို ဒီလို လက်ဆောင်ပေးနေတာမျိုးရှိသလားလို့ ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ရှိသူတဦးက အလိမ်အညာစာမျက်နှာတွေသာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံကို ဆိုင်ကယ်အဝင်မရှိတဲ့အတွက် မဖြစ်နိုင်ကြောင်း ရှင်းကြပါတယ်။ အခုလို ဆိုင်ကယ် ၂၅၀ နဲ့ ငွေသားလက်ဆောင် ဟွန်ဒါမွေးနေ့အဖြစ်ပေးမယ်လို့ ရေးသားထားတဲ့ စာမျက်နှာကို လေ့လာကြည့်ရာမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စတင်ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာတခုဖြစ်တာတွေ့ရပါတယ်။ ဒီလိုပဲ ဖေ့စ်ဘုတ်မှာ “Honda Myanmar Showroom” ၊ “Honda Myanmar” ၊ “Honda Motorcycle Showroom” ၊ “Honda Motorcycle Showroom” ၊ “Honda Myanmar Myawadi Showroom” စတဲ့ အမည်တွေနဲ့ Honda Showroom အယောင်ဆောင်ပြီး မော်တော်ဆိုင်ကယ်ပုံတွေနဲ့ လိမ်လည်နေကြတယ်လို့ မဇ္ဈိမသတင်းဌာနက အချက်အလက်စိစစ်မှုအစီအစဉ်က ပြီးခဲ့တဲ့ နှစ်မှာဖော်ပြခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ သုံးသပ်ချက် အထက်ပါအချက်အလက်တွေအရ Honda Myanmar အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြထားတဲ့ ဖေ့စ်ဘွတ်မှာ မှတ်ချက်ရေးတဲ့သူတိုင်းကို ဆိုင်ကယ်လက်ဆောင်တွေပေးနေတယ်ဆိုတဲ့ ဖော်ပြချက်ဟာ မမှန်ကန်ပါဘူး။ ဟွန်ဒါနာမည်ကို အသုံးပြုပြီး လှည့်စားလိမ်လည်မှုသာဖြစ်ပါတယ်။ Title: Fact Check: ဟွန်ဒါက ဖေ့စ်ဘွတ်စာမျက်နှာမှာ မှတ်ချက်ရေးတဲ့သူတိုင်းကို ဆိုင်ကယ်နဲ့ ငွေသားလက်ဆောင်တွေပေးနေတယ်ဆိုတဲ့ သတင်းမှား Fact Check By: နေရာမောင် Result: Misleading
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.123 as of May 22 2025


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data]
OpenLink Virtuoso version 07.20.3241 as of May 22 2025, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 8 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2026 OpenLink Software