About: http://data.cimple.eu/claim-review/f5b12cf5841df80cbbcf37213111a21ec0c9769a32f652514e457c1a     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: ပုံဟောင်းတွေကို အမြန်လမ်းမှာ လက်ရှိ ရေကြီးနေတဲ့ ဓာတ်ပုံအဖြစ် ဖြန့်ဝေနေ မိုင်တိုင် ၃၅၄ ကနေ ၃၅၇ အထိ အမြန်လမ်းတလျှောက် ရေကြီးရေလျှံမှုဖြစ်ပြီး ရန်ကုန် - မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီလို့ ဆိုထားတဲ့ ပို့စ်စက်တင်ဘာ ၂၇ ရက်မှာ ဖေ့စ်ဘွတ်မှာ ထပ်မံပျံ့နှံ့လျှက်ရှိတာဟာ... မိုင်တိုင် ၃၅၄ ကနေ ၃၅၇ အထိ အမြန်လမ်းတလျှောက် ရေကြီးရေလျှံမှုဖြစ်ပြီး ရန်ကုန် - မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီလို့ ဆိုထားတဲ့ ပို့စ်စက်တင်ဘာ ၂၇ ရက်မှာ ဖေ့စ်ဘွတ်မှာ ထပ်မံပျံ့နှံ့လျှက်ရှိတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြစ်တယ်။ စက်တင်ဘာ ၁၃ ရက်က အမြန်လမ်း ရေကျော်မူသတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ “ရန်ကုန် - မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီ၊ မိုင်တိုင် ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇ လုံးဝ အခြေအနေ မကောင်းပါ။ ရန်ကုန်ဖက်မှ တက်လာမယ့် ကားရော၊ မန္တလေးဖက်မှ ဆင်းလာမယ့် ကားတွေရော လှည့်ပြန်ကြပါ။ လမ်းပြန်ပွင့်မလားဆိုပြီး မစောင့်ကြပါနဲ့။ အမြန်လမ်းတဝိုက် ရေအလုံးအရင်းဝင်ရောက်မယ့် အခြေအနေ ရှိပါတယ်။ အားလုံးပဲ ဘေးကင်းကြပါစေ။ #အမြန်လမ်း #ရေကျော်” မူရင်းလင်ခ့် – Fb link | Archive link ဒီရက်ပိုင်းထဲမှာ ရန်ကုန်-မန္တလေး အမြန်လမ်း ရေကျော်ပြီး ကားလမ်းပိတ်ထားတယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ တကယ်တော့ ဒီလိုဖြန့်ဝေ ထားတဲ့အကြောင်းအရာနဲ့ ဓာတ်ပုံတွေ တထပ်တည်း တူညီတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို စက်တင်ဘာ ၁၃ ရက်ကတည်းက တွေ့ရပါတယ်။ Price News အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၁၃ ရက်က မျှဝေမှု ဒီလင့်ခ်မှာကြည့်ပါ။ Also read - Fact Check: တရုတ်နိုင်ငံကို ရဂီ မုန်တိုင်း ဝင်ရောက်မှု ဗွီဒီယိုလား- မဟုတ်ပါ ဒီအပြင် ဒီအမြန်လမ်းပေါ် ရေကျော်လာလို့ လမ်းပိတ်ထားရတဲ့အကြောင်း စက်တင်ဘာ ၁၃ ရက်က Myanmar Labour News ရဲ့ သတင်းဖော်ပြချက်မှာလည်း ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ မန္တလေးတိုင်း တံတားဦးမြို့အနီးမှာ အမြန်လမ်းမထက် ရေကျော်နေတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ သုံးသပ်ချက် ဒီရက်ပိုင်းထဲမှာ ရန်ကုန်-မန္တလေး အမြန်လမ်း ရေကျော်ပြီး ကားလမ်းပိတ်ထားတယ်ဆိုတဲ့ အထောက် အထားမရှိပါဘူး။ လက်ရှိ ဖေ့စ်ဘွတ်မှာ ပြန်လည်ပျံ့နှံ့လာတဲ့ ဓာတ်ပုံနဲ့ ပြောဆိုချက်ဟာ စက်တင်ဘာ ၁၃ ရက်က အမြန်လမ်းရေကြီးရေလျှံမှုဖြစ်စဉ်က ဖြစ်တာတွေ့ရပါတယ်။
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.115 as of Oct 09 2023


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data] Valid XHTML + RDFa
OpenLink Virtuoso version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 2 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software