About: http://data.cimple.eu/claim-review/f5e2ff9be7a729e00a736a04e7e04cd7aff55c39c9da9ecc67e9a983     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: ရန်ကုန်နဲ့ မန္တလေးကို မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူ ၆ သိန်းကျော် သေဆုံးနိုင်တယ်ဆိုတဲ့ သတင်းမှား ရန်ကုန်နဲ့ မန္တလေးကို မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူ ၆ သိန်းကျော် သေဆုံးနိုင်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်း ဖြစ်တယ်။ ရန်ကုန်နဲ့ မန္တလေးကို မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူ ၆ သိန်းကျော် သေဆုံးနိုင်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်း ဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “အရေးပေါ်မုန်တိုင်း သတင်းထူးကြီး အနီရောင် အဆင့် ရန်ကုန် မန္တလေး တိုက်ရိုက်ဝင်လာမည် လူပေါင်း ၆ သိန်းကျော် သေနိုင်မည်ဟု ခန့်မှန်း” မူရင်းလင်ခ့် – Youtube link | Archive link ရန်ကုန်နဲ့ မန္တလေးကို မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူ ၆ သိန်းကျော် သေဆုံးနိုင်တယ်ဆိုတဲ့ ဒီခန့်မှန်းချက်မျိုး မိုးလေဝသကျွမ်းကျင်သူတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ ယခုရက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ ဆိုက်ကလုန်းမုန်တိုင်း ဒါနာ(Dana)ကြောင့် မြန်မာနိုင်ငံအနှံ့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun)ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိလို့ အဝါရောင်အဆင့်ပဲ သတ်မှတ်တယ်လို့ မြန်မာနိုင်ငံ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတယ်။ မုန်တိုင်း ဒါနာဟာ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေကို အောက်တိုဘာ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ဝင်ရောက်တိုက်ခိုက်မယ်လို့ အိန္ဒိယမိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။ ဒီအပြင် မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူ ၆ သိန်းကျော် သေဆုံးနိုင်တယ်ဆိုပြီး ဗွီဒီယိုထဲမှာ ပါဝင်တဲ့အကြောင်းအရာဟာလည်း ဆိုက်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတခု ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ သတင်းကိုသာဖော်ပြထားတယ်။ မြန်မာနိုင်ငံမှာ ဒီလေဖိအားနည်း ရပ်ဝန်းကြောင့် မိုးကြီး၊လေကြီးပြီး မြေပြိုတာတွေဖြစ်နိုင်တဲ့အကြောင်းသာဖော်ပြထားတယ်။ သုံးသပ်ချက် ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုက်ကလုန်းမုန်တိုင်း ဒါနာ(Dana)ဟာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ဖို့မရှိပါဘူး။ ဒီလိုပဲ ဒီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝှမ် မိုးသည်းထန်ပြီး ရေကြီးရေလျှံတာ၊ မြေပြိုတာဖြစ်နိုင်တယ်ဆိုတဲ့ သတိပေးပြောဆိုချက်ကို လူ ၆ သိန်းကျော် သေဆုံးနိုင်တယ်လို့ ချဲ့ကားရေးသားနေခြင်းသာဖြစ်တယ်။
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.123 as of May 22 2025


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data]
OpenLink Virtuoso version 07.20.3241 as of May 22 2025, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 7 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2026 OpenLink Software