About: http://data.cimple.eu/claim-review/f7abc46cc131db159a21b2075e28b700d11790a11e1ac530fb37e8b7     Goto   Sponge   NotDistinct   Permalink

An Entity of Type : schema:ClaimReview, within Data Space : data.cimple.eu associated with source document(s)

AttributesValues
rdf:type
http://data.cimple...lizedReviewRating
schema:url
schema:text
  • Fact Check: ရခိုင်ပြည်နယ် မောင်ရွှေလေးရေတပ်စခန်းကို AA တိုက်ခိုက်မှု ဓာတ်ပုံလား- မဟုတ်ပါ ရခိုင်ပြည်နယ် သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်စဉ်မှာ နစ်မြုပ်ခဲ့တဲ့ မြန်မာရေတပ်သင်္ဘောဓာတ်ပုံလို့ဆိုလို ထားတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ဟယ်... မောင်ရွှေလေး ရေကူးနေကြပြီ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို AA က လအနည်းငယ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်မှာ ဒီစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကြေညာပါတယ်။ မူလထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒါပေမဲ့ စစ်ကောင်စီရေတပ် သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးမှု ဖြန့်ဝေထားတဲ့ ဓာတ်ပုံကို Google မှာ ပုံရှာနည်း အသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံက လက်ရှိအဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်း မရှိတဲ့ ဓာတ်ပုံတပုံ ဖြစ်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ မလေးရှားရေတပ် သင်္ဘောတစ်စင်းဖြစ်တဲ့ KD Pendekar(ကေဒီ ပန်ဒကာ)အမည်ရ စစ်သင်္ဘော စက်ခန်း ပင်လယ်အောက်က အရာဝတ္ထုတခုနဲ့ တိုက်မိပြီး ၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက်မှာ နစ်မြုပ်ခဲ့တဲ့ ဖြစ်စဉ်က ဓာတ်ပုံဖြစ်တာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – The Straits Times | Archive link သုံးသပ်ချက် အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ် မောင်ရွှေလေးမှာ AA က မြန်မာရေတပ်ကို တိုက်ခိုက်မှု ဓာတ်ပုံအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံဟာ မြန်မာနိုင်ငံက လက်ရှိဖြစ်စဉ်တွေနဲ့ သက်ဆိုင်ခြင်းမရှိဘဲ မလေးရှားရေတပ် သင်္ဘောတစ်စင်းဖြစ်တဲ့ KD Pendekar(ကေဒီ ပန်ဒကာ) နစ်မြှစ်စဉ်က ဓာတ်ပုံဖြစ်တာ တွေ့ရပါတယ်။ Title: Fact Check: ရခိုင်ပြည်နယ် မောင်ရွှေလေးရေတပ်စခန်းကို AA တိုက်ခိုက်မှု ဓာတ်ပုံလား- မဟုတ်ပါ Fact Check By: နေရာမောင် Result: Misleading
schema:mentions
schema:reviewRating
schema:author
schema:datePublished
schema:inLanguage
  • English
schema:itemReviewed
Faceted Search & Find service v1.16.123 as of May 22 2025


Alternative Linked Data Documents: ODE     Content Formats:   [cxml] [csv]     RDF   [text] [turtle] [ld+json] [rdf+json] [rdf+xml]     ODATA   [atom+xml] [odata+json]     Microdata   [microdata+json] [html]    About   
This material is Open Knowledge   W3C Semantic Web Technology [RDF Data]
OpenLink Virtuoso version 07.20.3241 as of May 22 2025, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 10 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2026 OpenLink Software